Microsoft
သည် Windows 10 Zhuangongban သို့မဟုတ် Windows 10 Specially-provided
Edition ဟုခေါ်သော Windows 10 ဗားရှင်းတစ်မျိုးကို တရုတ်အစိုးရအတွက်
ဖန်တီးခဲ့ကြောင်း တရုတ်မဂ္ဂဇင်း Caixin မှ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ၏ CETC နှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အထူးဖန်တီးထားသော Windows ဗားရှင်း၏ ပထမဦးဆုံးဗားရှင်းကို Microsoft က အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ကြောင်း Microsoft China ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ရပ်ဖ်ဟော့ပ်တာက အထက်ပါမဂ္ဂဇင်းထံ ပြောကြားခဲ့သည်။
Microsoft သည် တရုတ်နိုင်ငံအတွက် သီးသန့်ဆော့ဖ်ဝဲဖန်တီးရန် သဘောတူညီမှုရရှိခဲ့ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာက ကြေညာခဲ့သည်။
တရုတ်အစိုးရအတွက်ဖန်တီးထားသော Windows 10 ဗားရှင်းတွင် Microsoft ၏ သုံးစွဲသူထံပစ်မှတ်ထားသော app နှင့် ဝန်ဆောင်မှု အနည်းငယ်သာပါဝင်ပြီး တရုတ်အစိုးရ၏ လိုအပ်ချက်နှင့်ကိုက်ညီသော စီမံခန့်ခွဲမှုနှင့် လုံခြုံရေးဆိုင်ရာထိန်းချုပ်မှု လုပ်ဆောင်ချက်များ ပိုမိုထည့်သွင်းထားကြောင်း ဟော့ပ်တာက Caixin မဂ္ဂဇင်းထံ ပြောကြားခဲ့သည်။
Ref: TechInAsia

No comments:
Post a Comment