Friday, March 25, 2016

ဒေါ်လာ ၁၅၀ တန် Photo Software Suite ကို Google အခမဲ့ဖြန့်ချိ

Google သည် image processing tool များပါဝင်သော Nik Collection ကို အခမဲ့ download ပြုလုပ်၍ အသုံးပြုနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယခင်က ၎င်း software ကို ကန်ဒေါ်လာ ၁၅၀ ဖြင့်ရောင်းချသော်လည်း ယခုအခါတွင် ကျွမ်းကျင်ပညာရှင်များ အသုံးပြုသော plugin ၇ ခုကို Mac နှင့် Windows ဗားရှင်းနှစ်ခုစလုံး၌ အခမဲ့ download ပြုလုပ်၍ အသုံးပြုနိုင်ပြီ ဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း ၎င်း software ဝယ်ယူခဲ့သူများကို လာမည့်ရက် အနည်းငယ်အတွင်း ငွေပြန်အမ်းပေးမည် ဖြစ်ကြောင်း Google မှ ပြောကြားခဲ့သည်။
၎င်း suite တွင် Analogue Efex Pro, Colour Efex Pro, Silver Efex Pro, Viveza, HDR Efex Pro, Sharpener Pro နှင့် Dfine များ ပါဝင်သည်။ အဆိုပါ software များကို အတူတကွအသုံးပြု၍ ဂန္တဝင်ရုပ်ရှင်ကားနှင့် မှန်ဘီလူးများကို ပိုမိုအရည်အသွေးကောင်းလာစေရန် ပြုလုပ်နိုင်သလို အဖြူနှင့်အမည်း ပြောင်းလဲမှုများနှင့် အရောင်များ မှန်ကန်စေရန် ဖန်တီးပေးနိုင်သည်။ ထို့အပြင် HDR effect များနှင့် tool များအတွက် plugin များကိုလည်း ထောက်ပံ့ပေးထားသည်။
Google သည် ၂၀၁၂ ခုနှစ်တွင် Nik Software အပြင် iOS အခြေခံ နာမည်ကျော် ဓာတ်ပုံတည်းဖြတ်သည့် app ဖြစ်သော Snapseed ကို ဝယ်ယူခဲ့သည်။ ထို့နောက် Snapseed ၏ Android နှင့် Windows အခြေခံ desktop ဗားရှင်းများကို ရပ်ဆိုင်းခဲ့သည်။
Google သည်ဝယ်ယူမှု တစ်စိတ်တစ်ပိုင်းအဖြစ် အခကြေးငွေဖြင့် ဝယ်ယူနိုင်သော app များအတွက် Nik Collection ကိုတည်ဆောက်ခဲ့သည်။ ထို software suite သည် သုံးစွဲသူ များပြားပြီး ကျွမ်းကျင်ပညာရှင် သုံးစွဲသူများက ထောက်ပံ့မှုနှင့် ရောင်းချမှုများ ဆက်လက်ရှိစေလိုသည်။
ထိုအချိန်တွင် Nik Collection ကိုဝယ်ယူရန် ကန်ဒေါ်လာ ၄၉၉.၉၅ ကျသင့်မည် ဖြစ်သောကြောင့် Google က suite တစ်ခုလုံးအတွက် ကန်ဒေါ်လာ ၁၅၀ အထိ ဈေးနှုန်းလျှော့ချခဲ့သည်။ ယခုအခါတွင် Nik Collection သည် Google ၏ အခမဲ့ အသုံးပြုနိုင်သော app အများအပြားအကြားတွင် တစ်မူထူးခြားနေမည် ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် Nik Collection ကို Mac နှင့် Windows အတွက် Google မှ တိုက်ရိုက် download ပြုလုပ်နိုင်ပြီ ဖြစ်သည်။
Ref: Forbes

Tags


No comments:

Post a Comment